When someone tell you to work hard, do you?
If someone lecture you, are you gonna remember?
But what if that someone is the one you love, you admire, you trust, you adore...

that's what my personal motivator is to me.
When he is working his best, his "work hard" encouragements seems real
When he never gives up, his "don't feel down" lectures seems plausible
When he never lied, I believe his "lying is bad" belief
When he treasure us, we treasure him more than anything else on earth

I wish I will be the one who can write his biography someday. I wish I can get to know him well enough for that. His biography might not be noble or stunning. At least it will guide the path of many youth to determination, perseverance, vigilant, humbleness and above all kindness and love.

ယောက်ျားမယူတော့ဘူးလို့ ပြောနေတဲ့သူက အချစ်အကြောင်းပြောမှာဆိုတော့ အူကြောင်ကြောင်တော့ နိုင်လိမ့်မယ်...
တကယ်ပြောတာပါ။ လောကမှာ အချစ်နဲ့ထိုက်တန်တာ အချစ်တခုပဲရှိတယ်...
အချစ်ခြင်းလဲလှယ်မှပဲ တန်ဘိုးခြင်းညီနိုင်မှာ။

အချစ်နဲ့ ငွေ... ဘယ်လိုမှမညီမျှဘူး (ငွေကသာနေတယ်... မရယ်နဲ့နော် တကယ်အဟုတ်)
အချစ်နဲ့ မေတာရော... ညီမျှနိုင်စရာကိုမရှိဘူး (ဘယ်သူသာသလဲတော့ ကြုံဘူးသူတွေသိလိမ့်မပေါ့)
အချစ်နဲ့ ပျော်ရွှင်မှု... ညီမလိုလိုနဲ့ တဖက်စောင်းနင်းကို ကွာတာ (ဘယ်သူကွာကွာ မကွာကွာ ကိုယ့်အတွက်တော့ကွာတယ်ဟေ့)

ဒါကြောင့်ပြောတာ အချစ်ခြင်းပဲလဲလှယ်ပါလို့။ အဲဒါကြောင့်လဲ ကိုယ့်မှာချစ်သူမရှိတာပေါ့။ ကိုယ့်မှာ မေတာတွေရှိတယ်၊ ငွေတွေရှိတယ်၊ ပျော်ရွှင်မှုတွေလဲ ပေးနိုင်ပါရဲ့... အချစ်တော့မရှိတော့ဘူးကွယ်...
တခါလဲလှယ်ခဲ့မိတာကိုး... ကိုယ့်အချစ်နဲ့ လဲမိခဲ့တဲ့အရာက ပရုတ်လုံးတစ်လုံးဖြစ်နေခဲ့သလားမသိဘူး... လုံးပါးပါးပြီး အငွေ့ပျံသွားလိုက်တာ ခုဆိုဘာမှကိုမကျန်တော့ဘူး... ဒါနဲ့ပဲ ကိုယ့်မှာ ကိုယ်ပိုင်အချစ်လဲမရှိ၊ လဲခဲ့တဲ့အချစ်လဲပျောက် အူကြောင်ကြောင်ကြီးပါလေ... ခုလေ ကိုယ်အချစ်ကို ပြန်လည်စိုက်ပျိုးကြည့်နေတယ်... ဖြစ်မဖြစ်ကတော့ ကံတရားပေါ့နော်... မိုးမခေါင်ခဲ့ရင်၊ မိုးမလွန်ခဲ့ရင် ကိုယ့်မှာအချစ်အသစ်တစ်ခု ပြန်ရဦးမှာပေါ့... ဒီတခါတော့ ကိုယ်မလဲတော့ဘူးလို့စဉ်းစားထားတာပဲ... တစုံတယောက်ကိုပေးပစ်ဖို့ ဆုံးဖြတ်ပြီးပြီ... သူ့မှာလဲလေ အချစ်မရှိဘူး၊ ငွေကြေးလဲမရှိရှာဘူး၊ မေတာတရားရော... ပျော်ရွှင်မှုဆိုတာဝေးရော...

ဒါပေမယ့်လေ သူလဲ သစ်ပင်စိုက်နေတယ်တဲ့... အချစ်သစ်ပင်လေးလေ... အင်းပေါ့ ကိုယ့်အတွက်ပေါ့... ကဲဒါကြောင့် ကိုယ်ပြောပါတယ် အချစ်ကို အချစ်နဲ့ပဲ လဲပါလို့... အဲ အမှန်တော့ အချစ်ကို အချစ်ဆီ ပေးလိုက်တာအကောင်းဆုံးပဲပေါ့

He is my latest craze...



Atashi no saigo no koi...



Tomohisa Desu!!!


Kakkoi da ne?

ဘာလော့ကလေးကို ပစ်ထားခဲ့တာတော်တော်ကြာပါပြီ။
ဘာမှမရေးနိုင်တော့ ၀င်ကြည့်ဖို့လည်းစိတ်ကမရဲလှဘူး။
ဒီနေ့တော့မနေနိုင်တာနဲ့ ၀င်ပြီးတစ်ခုခုရေးမယ်လို့စိတ်ကူးမိတယ်။
ခက်တာက ရေးမယ်ဆိုတာနဲ့ စိတ်ထဲမှာရှိနေတယ်လို့ထင်ခဲ့တဲ့ စာတွေက ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်ကြတယ်။
ဒါနဲ့ပဲ ဘလော့တန်းပလိတ်လေးပြောင်းမယ်လို့ စိတ်ကူးလိုက်တယ်။ တန်းပလိတ်လေးတွေလျှောက်ကြည့်ပေမယ့် စိတ်ထဲမှာစိတ်တိုင်းကမကျလှဘူး။
ပြီးရင် မြန်မာစာမြင်ရဖို့ ပြန်ပြောင်းဟယ် ပြုဟယ်လုပ်ရမှာကိုလည်းပျင်းမိသေး။ ဒါနဲ့ပဲ ဘာမှမရေးပဲ တခြားဘလော့တွေလျှောက်သွားမိတယ်။
ရေးအားမကျသေးပဲ ဆက်လက်ချီတက်နေဆဲသူတွေကိုတွေ့တော့ ကိုယ့်ကိုကိုယ်မလုံမလဲ မကြေမနပ်။ဒါပေမယ့် တစ်ခုခုသာရေးချင်တာ တွေးဖို့ကိုလည်းပျင်း၊ တွေးမိတာတွေကို စာဖြစ်အောင်ချရေးဖို့လည်းပျင်း၊ ဒီပျင်းတဲ့သံသရာမှာကို တ၀ဲလည်လည်နဲ့ ကြာတော့ပျင်းတောင်လာတယ်။
ခုတလောလည်း ဦးနှောက်က အလုပ်ကောင်းကောင်းမလုပ်တော့ဘူးထင်ပါရဲ့။
အဲဒါကိုရေးထားတဲ့ ကဗျာလေးတပုဒ်တင်ရင်ကောင်းမယ်ထင်တယ်နော်။
အင်းလေ ကျန်တာလည်းစဉ်းစားလို့မှ မရတာ။ အဲဒီကဗျာလေးပဲဖတ်ကြည့်ကြပါဦးနော်။

Mulfunctioning...

I let my eyes close
and it never open up to anything since then!

I let my mouth keep quiet
and it never voice out a thing since then!

I let my brain rest
and it never work again since then!

He made my heart cry
and it never stop since then!

ဒီစနေ၊ တနင်္ဂနွေ တော်တော်ပင်ပန်းပါတယ်။ စနေမနက် အလုပ်ကအပြန်မှာ သတင်းလေးတွေနည်းနည်းဖတ်ပြီး ညနေ ဘုန်းကြီးကျောင်းက ဆုတောင်းပွဲသွားဖို့အတွက် အားရှိအောင်ခနအိပ်တဲ့အချိန်ဟာ အနားယူလိုက်ရတာ နောက်ဆုံးလို့တောင်ပြောရမလိုပါပဲ။ ညနေ ၆နာရီစမယ့် ဆုတောင်းပွဲကို နေရာမရမှာစိုးတဲ့ သူငယ်ချင်းက ၄နာရီခွဲအရောက်သွားမယ်ဆိုလို့ ချိန်းတဲ့အတိုင်းထွက်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းရောက်တော့ လူတော်တော်များနေပါပြီ။ ဘုရားကန်တော့ပြီး ဆုတောင်းပွဲကို စောင့်နေတဲ့အချိန်မှာ သတင်းတွေကြားခဲ့ရပါတယ်။ ဗမာတချို့ကို စင်္ကာပူအစိုးရလို့ ပြောတဲ့လူတချို့က ခေါ်ယူစစ်ဆေးတယ် ဆိုတဲ့ သတင်းတွေပါ။

သူငယ်ချင်းတစ်ယောက်ရဲ့ ကိုယ်တွေ့ပြောပြချက်အရဆိုရင်
သူ့ကိုဖုန်းဆက်ပြီးတော့ စင်္ကာပူရဲပါဆိုပြီး ခေါ်တယ်။ ခေါ်တဲ့နေရာက Tanglin Police Station တဲ့။ အဲဒီအဆောက်အဦးကြီးဟာ ရဲစခန်းမဟုတ်တော့တာ လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းကပါ။ ဘယ်သူမှလဲ မရှိလို့ ဘယ်လောက်ဟောင်းနေပြီဆိုတာ မှန်းကြည့်ရင်သိနိုင်ပါတယ်။ သူရောက်တော့ ၀င်ဖို့တံခါးတောင် ရှာမတွေ့ပါဘူးတဲ့။ ခြံကိုအလုံကာထားပြီး လူအ၀င်အထွက်ရှိတဲ့ အရိပ်အယောင်တောင်မမြင်ရတဲ့ အခြေအနေပါ။ သူ့ကိုခေါ်တဲ့ လူကိုဖုန်းပြန်ဆက်တော့ ဖုန်းက currently not in service တဲ့။ ခနနေတော့ အဲဒီလူလို့ယူဆရတဲ့ လူတစ်ယောက်ထွက်လာပါတယ်။ နာမည်မေးပြီး အထဲကိုခေါ်သွားတဲ့ အချိန်မှာ သူငယ်ချင်းက ငါတော့သေပြီလို့ကို တွေးမိတယ်တဲ့။ အဆောက်အအုံအဟောင်းကြီးထဲ ဖုန်းနံပါတ်အမှားပေးထားတဲ့ ရဲပါဆိုတဲ့သူကို ဘယ်သူယုံပါ့မလဲနော်။ အပြင်တင်ဟောင်းတာလားဆိုတော့ အထဲကလည်း လူမနေတာကြတဲ့ တိုက်ပျက်ကြီးတခုလိုပဲတဲ့။ ပြတင်းပေါက်မရှိပဲ မီးချောင်းကအလင်းသာ မရှိရင် ပိန်းပိတ်အောင် မှောင်နေမယ့်ပုံ။ အခန်းထဲမှာလည်း သံဗီဒိုတော်တော်ဟောင်းနေတာတစ်လုံး၊ ကွန်ပျူတာတစ်လုံး၊ စားပွဲတစ်လုံး၊ ထိုင်ခုံ၃လုံးနဲ့ သူရယ် ရဲလို့ယူဆရတဲ့ လူသုံးယောက်ပဲရှိတယ်။ အထဲမှာလဲ သူ့ကို တရားခံစစ်သလို စစ်သတဲ့။ ဒီမေးခွန်းတွေကိုပဲ ထပ်တလဲလဲမေး၊ လှည့်ပတ်မေးနဲ့ နှစ်နာရီလောက်ကြာခဲ့တယ်။ ဘုန်းကြီးကျောင်းမှာ ပြောကြတော့ သူတစ်ယောက်ထဲမဟုတ်ပဲ အခေါ်ခံရတဲ့သူတွေ တော်တော်များပါတယ်။ ဘယ်အဖွဲ့အစည်းက ဆိုတာလဲ ဘယ်သူမှမတိအကျမသိ။ ဘာလို့လုပ်တာလဲ ဆိုတာလဲ မသေချာနဲ့ သူလည်း အူကြောင်ကြောင်နဲ့ ပြန်ခဲ့ရပါတယ်။

နောက်ပြီး သတင်းစာထဲမှာလည်း လမ်းလျှောက်ခွင့် ပါမစ်တင်တာ reject လုပ်ခံရပါတယ်တဲ့။ ဘာလို့လဲ ဆိုတာတော့ သူတို့မှပဲ သိတော့မှာပါပဲ။

ဒီနေ့မှာတော့ ဘုန်းကြီးကျောင်းကအပြန် သံရုံးရှေ့မှာ လူတွေဖယောင်းတိုင်ထွန်းမယ်။ ဆုတောင်းကြမယ်ဆိုလို့ သွားခဲ့ပါတယ်။ သွားဖို့မသွားဖို့ စဉ်းစားရင်းနဲ့ သွားတော့တောင် တော်တော်နောက်ကျနေပါပြီ။ Orchard MRTကနေ လမ်းလျှောက်လာတော့ တော်တော်များများပြန်လာကြပါပြီ။ ရဲကားကလာကြည့်သွားတယ်။ ဘာမှမပြောဘူးဆိုလို့ ၀မ်းသာအားရလျှောက်အလာမှာ ပြန်လာတဲ့ အစ်ကိုတစ်သိုက်က လမ်းထဲကို အ၀င်မှာကတည်းက ဓာတ်ပုံတွေ ဗီဒီယိုတွေနဲ့ မှတ်တမ်းယူနေတယ်တဲ့။ အရပ်ဝတ်နဲ့ ရဲတွေလည်း ရှိတယ်တဲ့။ သူတို့က IC တွေဘာတွေတောင်းရင် မပေးနဲ့တဲ့။ ပေးစရာမလိုဘူး ဆိုပြီး သတိပေးပါတယ်။ စိတ်ထဲမှာတော့ နည်းနည်းကြောက်လည်းကြောက်၊ ဒေါသလည်း ထွက်နဲ့ ဆက်လျှောက်လာတော့ လည်ပင်းမှာ ကဒ်ပြားတစ်ခုနဲ့ လူက လာပြီးတားပါတယ်။ ပြီးတော့ "ငါတို့က သတိပေးတာပါတဲ့။ အခုလို လူစုတယ်ဆိုတာ ဥပဒေနဲ့ဆန့်ကျင်ပါတယ်တဲ့။ မသွားနဲ့လို့တော့ မပြောပါဘူး"တဲ့။ အဲလိုပြောနေတဲ့အချိန်မှာ မိန်းမတစ်ယောက်က ဗီဒီယိုကင်မရာလေးနဲ့ရောက်လာပြီး ရိုက်ပါတယ်။ ပါးစပ်ကလည်း "အခုဆိုရင် ရဲတွေဟာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မယ့်သူတွေကို တားနေပါတယ်။ မသွားရဲအောင် အမျိုးမျိုးခြိမ်းခြောက်နေပါတယ်။" အဲလိုပြောတော့ စကားပြောနေတဲ့ရဲ ဘာဆက်ပြောရမှန်းမသိခင် သူငယ်ချင်းကိုလက်ကုတ်ပြီး ဆက်ထွက်လာခဲ့တယ်။ သုံးလှမ်းလောက်လျှောက်ပြီးတော့ နောက်တစ်ယောက်က လာပြောပြန်ပါတယ်။ ဟိုမိန်းမကလည်း အမှီလိုက်ပြီးတော့ "အခုဆိုရင် ဒုတိယအကြိမ်တားတာပါ။ လာတဲ့သူတွေက ဘာမှမပါပါဘူး။ ငြိမ်းချမ်းစွာလာတာပါ။" ဆက်ပြောပါတယ်။ ထပ်တားတဲ့လူက "ငါတို့က အကြံပြုသတိပေးတာပါ။ မတားပါဘူး။ ဒါပေမယ့် ဒါဟာ ဥပဒေနဲ့ဆန့်ကျင်ပါတယ်တဲ့။" ဒါနဲ့ခေါင်းငြိမ့်ပြပြီး လူအုပ်ဆီကို ဆက်ထွက်လာခဲ့ပါတယ်။

လူတွေကို သတိလိုက်ပေးနေတဲ့ အရပ်ဝတ်ရဲတွေထဲမှာ မြန်မာလူမျိုး တစ်ယောက်ပါပါတယ်။ သတင်းထောက်တွေရောက်လာတော့ သူ့ကို ဓာတ်ပုံဝိုင်းရိုက်ကြပါတယ်။ နိုင်ငံသားခံယူထားတဲ့ မြန်မာပဲလား၊ ဘာလားတော့ မသိပါဘူး။ နက်ဖြန်သတင်းစာမှာ ပါမယ်ထင်ပါရဲ့။

စောရောက်နေတဲ့ သူငယ်ချင်းက အခုလုပ်တာက စင်္ကာပူကလက်ရှိအာဏာရပါတီရဲ့ အတိုက်အခံပါတီက လုပ်တာ။ သူတို့က Right to Protest ဆိုပြီးတော့ ဒါကိုလုပ်တာတဲ့။ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို ဒီမှာရှိတဲ့ မြန်မာလူထုအနေနဲ့ ဘယ်လိုသဘောရှိလဲ ဖော်ထုတ်ခွင့်ရှိရမယ်။ ဒီနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်ဆိုပြီး ဖယောင်းတိုင်တွေဝေပါတယ်။

အစကတော့ အားတက်သရော သွားခဲ့တာပါ။ ဒါပေမယ့် ဟိုရောက်တော့ ပါတီနှစ်ခု အားနည်းသူက အားများတဲ့သူကို မနိုင်လို့ ကြားက မြန်မာပြည်ကိစ္စ အကြောင်းပြပြီး နာမည်ဖျက်တာဖြစ်နေတော့ နေချင်စိတ်လည်းမရှိတော့ပါဘူး။ ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပြီးတာနဲ့ ပြန်ခဲ့ပါတယ်။ တစ်နေကုန် နေအတော်ပူတော့ အရမ်းကိုပင်ပန်းပါတယ်။ နောက်ပြီး ကိုယ့်နိုင်ငံအတွက်လည်း ကိုယ်တိုင်လုပ်ရမှာပဲ၊ ဘယ်သူမှအားကိုးလို့ မရပါလားဆိုတာ ပိုသေချာသွားပါတယ်။ စင်္ကာပူအစိုးရအနေနဲ့ မြန်မာပြည်အရေးဟာ တစ်ခြားနိုင်ငံတွေကို မရိုက်ခတ်သေးဘူးလို့ ထင်နေခဲ့သမျှ ခုကိစ္စက သူတို့ကိုတော်တော် အကြပ်ရိုက်သွားစေမှာပါပဲ။ မြန်မာလူမျိုးတွေကို ပိုတင်းကြပ်တာတွေ မလုပ်လာပါစေနဲ့လို့ ဆုတောင်းနေရမှာပါပဲ။

အတ္တာဟိ အတ္တနော နာထော။ (မိမိကိုယ်သာ ကိုးကွယ်ရာ)
အခုပွဲဟာ ကိုယ့်ပြည်အတွက် ကိုယ်တိုင်တိုက်ရမယ့် ပွဲပါ

Older Posts