ဘာလော့ကလေးကို ပစ်ထားခဲ့တာတော်တော်ကြာပါပြီ။
ဘာမှမရေးနိုင်တော့ ၀င်ကြည့်ဖို့လည်းစိတ်ကမရဲလှဘူး။
ဒီနေ့တော့မနေနိုင်တာနဲ့ ၀င်ပြီးတစ်ခုခုရေးမယ်လို့စိတ်ကူးမိတယ်။
ခက်တာက ရေးမယ်ဆိုတာနဲ့ စိတ်ထဲမှာရှိနေတယ်လို့ထင်ခဲ့တဲ့ စာတွေက ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်ကြတယ်။
ဒါနဲ့ပဲ ဘလော့တန်းပလိတ်လေးပြောင်းမယ်လို့ စိတ်ကူးလိုက်တယ်။ တန်းပလိတ်လေးတွေလျှောက်ကြည့်ပေမယ့် စိတ်ထဲမှာစိတ်တိုင်းကမကျလှဘူး။
ပြီးရင် မြန်မာစာမြင်ရဖို့ ပြန်ပြောင်းဟယ် ပြုဟယ်လုပ်ရမှာကိုလည်းပျင်းမိသေး။ ဒါနဲ့ပဲ ဘာမှမရေးပဲ တခြားဘလော့တွေလျှောက်သွားမိတယ်။
ရေးအားမကျသေးပဲ ဆက်လက်ချီတက်နေဆဲသူတွေကိုတွေ့တော့ ကိုယ့်ကိုကိုယ်မလုံမလဲ မကြေမနပ်။ဒါပေမယ့် တစ်ခုခုသာရေးချင်တာ တွေးဖို့ကိုလည်းပျင်း၊ တွေးမိတာတွေကို စာဖြစ်အောင်ချရေးဖို့လည်းပျင်း၊ ဒီပျင်းတဲ့သံသရာမှာကို တ၀ဲလည်လည်နဲ့ ကြာတော့ပျင်းတောင်လာတယ်။
ခုတလောလည်း ဦးနှောက်က အလုပ်ကောင်းကောင်းမလုပ်တော့ဘူးထင်ပါရဲ့။
အဲဒါကိုရေးထားတဲ့ ကဗျာလေးတပုဒ်တင်ရင်ကောင်းမယ်ထင်တယ်နော်။
အင်းလေ ကျန်တာလည်းစဉ်းစားလို့မှ မရတာ။ အဲဒီကဗျာလေးပဲဖတ်ကြည့်ကြပါဦးနော်။
Mulfunctioning...
I let my eyes close
and it never open up to anything since then!
I let my mouth keep quiet
and it never voice out a thing since then!
I let my brain rest
and it never work again since then!
He made my heart cry
and it never stop since then!
အကန့်လေးတွေ ကဗျာ
Today...
I let someone find me in my secret place.
Today...
I give someone a map to my resting cave.
Today...
I show someone the grave of my broken heart.
Today...
I am free from loneliness.
Today...
I am healed to be hurt again.
Today...
It's a new day
And I am gonna embrace it... ... ...
ဒီနေ့မှာ...
တခါမှမမြင်ဘူးလိုက်တဲ့ အစ်ကိုတယောက်
အန်တီ့အိမ်ကနေပျောက်သွားတယ်။
ဒီနေ့မှာ...
ဆရာဝန်ဖြစ်ချင်တယ်ပြောတဲ့
ဒေါ်လေးရဲ့တစ်ဦးတည်းသောသမီး
လူပုံမပီသွေးအလိမ်းလိမ်းနဲ့ ရင်ခွဲရုံထဲဝင်သွားတယ်။
ဒီနေ့မှာ...
ဒုလ္လဘ၀တ်နေတဲ့ ဘဘုန်းကြီး
သင်္ကန်းမချွတ်နိုင် အလံကိုင်ခဲ့လို့
အင်းစိန်ကိုအလည်သွားရင်း လမ်းမှားကာတမလွန်မြို့
အပြီးပို့ခံလိုက်ရတယ်။
ဒီနေ့မှာ...
တိုင်းပြည်ရဲ့မျက်စိတွေ exportလုပ်ခံလိုက်ရတယ်။
တိုင်းပြည်ရဲ့နားတွေ နယ်နှင်ဒဏ်ပေးခံရတယ်။
တိုင်းပြည်ရဲ့လက်တွေ စွပ်ပြုတ်လုပ်သောက်ခံရတယ်။
တိုင်းပြည်ရဲ့ဘဏ္ဍာ သူခိုးဓားပြတွေ မောင်ပိုင်စီးတယ်။
ဒီနေ့မှာ...
အမေတွေငိုကြရတယ်
ပြန်မလာတော့မယ့် လူမမယ်ကလေးတွေအတွက်။
ဒီနေ့မှာ...
တိုင်းပြည်ကိုဘယ်သူတွေချစ်သလဲ
သွေးစစ်ပွဲကျင်းပခဲ့တယ်။
ဒီနေ့ဟာ...
နောင်တခါလည်လို့လာပြန်ပေါ့
ငါတို့ရော သွေးစစ်ပွဲဝင်ရဲပါ့မလား။
နီရဲ့လားငါတို့သွေး အစစ်အဆေးခံနိုင်ကြသလား...
----။----
ဓားသွား၊ လှံသွားထက် ကလောင်သွားက ပိုထက်သတဲ့။
ထက်လိုက်တဲ့ ကလောင်တွေ
ဟိုမှာလူတွေ အူတွေပွင့်ကျနေတာ
အထွေးလိုက် အထွေးလိုက်...
-----။-----
တန်ဖိုးရှိတဲ့လူတွေကတော့
သစ်ရွက်တွေ ကြွေသလို
တဖြုတ်ဖြုတ် ကြွေနေကြတယ်။
ဘာမဟုတ် ညာမဟုတ်
ပါဝါအစုတ်နဲ့ လူတွေကတော့
စင်ပေါ်ထက်ကနေပြီး
ငုတ်တုတ်ထိုင် မွှေနေကြတယ်။
သြော်...
ဖြစ်ရလေ... ဖြစ်ရလေ...။ ။ ။
အကန့်လေးတွေ ကဗျာ
အရမ်းကြိုက်တဲ့ ကဗျာတပုဒ် သို့ နှင်းဆီလွင်ပြင်
1 ချက်ခုန်သွားတဲ့ ရင်ခုန်သံ မူပိုင် Chocolaier at 12:34 AMအခုတလောစာရေးချင်စိတ်လည်းမရှိတာနဲ့ အိမ်မှာရှိတဲ့စာအုပ်တွေ လှိမ့်ဖတ်နေမိတယ်။ သဘောကျတဲ့ စာတွေကို Print Out ထုတ်ထား ဖိုင်တွဲထဲက ကဗျာဆရာဇွန်မှိုင်းရဲ့ ကဗျာတပုဒ်ကို DVBမှာ ဦးနေဇော်နိုင် ရွတ်ပြသွားတာကို အရမ်းသဘောကျလွန်းလို့ သိမ်းထားတာလေး ပြန်ဖတ်မိတယ်။ ကဗျာလေးကို သိတာတော့ ၂၀၀၃ လောက်ကပါ။ အဲဒီကတည်းက သိပေမယ့် အသံနေအသံထားနဲ့ ရွတ်ပြသွားတာကို နားထောင်ရတော့ မှင်သက်မိတယ်။ စိတ်ထဲမှာလဲ ၀မ်းနည်းမိတယ်။ ဘာကိုလွမ်းမိမှန်းလဲ မသိ။ အားလုံးကိုခံစားစေချင်လို့ ဝေမျှလိုက်ပါတယ်။ ဆရာဇွန်မှိုင်း စိတ်မဆိုးလောက်ဖူးလို့ ထင်ပါရဲ့။
ဝတ်ရွတ်သံ၊ ဘုရားဝတ်ပြုသံတွေ ကြားနေရတယ်
ဘုရားတန်ဆောင်း မဟုတ်တာတော့ သေချာတယ်
ဖျာတစ်ချပ်တော့ ရှိရဲ့၊ ပုပ်အဲ့အဲ့ အနံ့တချို့လဲရှိ
ဆွံ့အအ အလင်းတချို့လဲ ရှိနေတဲ့ ဒီအခန်း
ကြမ်းပြင်က အေးစက်စက် စွတ်စို
တခါးရွက်ကို သွပ်ပြားတချပ်နဲ့ ထပ်ကာထားတယ်။
တခြားအခန်းတွေကို စကားလှမ်းမပြောနဲ့ ၀င်တဲ့
ရမ်းကားတင်းမာလွန်းတဲ့ လေသံတွေ
တခါးသော့ခတ်သံ ခပ်ကြမ်းကြမ်း လျှောက်ထွက်သွားတဲ့
ဖိနပ်သံတွေ ဝေးသွား၊
သွပ်ပြားပေါက် ကြားက ချောင်းကြည့်
သူတို့လဲ ကျုပ်ဖက်ကို ကြည့်နေကြ၊
ဒုက္ခသည်အသစ်ကို စိတ်မကောင်းစွာ
ကြိုဆိုနေကြတာ၊
သူတို့ မျက်နှာတွေပေါ်မှာ ဂုဏ်ယူတာလဲပါ၊
နွေးထွေးခြင်းလဲပါ၊ ဒါ မဟာကာလ ငရဲရဲ့
ရင်ကွဲတိုက်ပါ မိတ်ဆွေ။
မှေးကနဲ အိပ်ပျော်သွားတော့
အားလုံး ကောင်းကြရဲ့လား
ငှက်ဆိုးတကောင်ရဲ့ မေးသံနဲ့ လန့်နိုးလာတယ်၊
ကျုပ်ဘေးမှာ လူတယောက် ရောက်နေသလိုမျိုး
အိုး ကာနယ်ချစ်ကောင်းပါလား၊
စာအုပ်အဟောင်းတအုပ်ကို လှမ်းပေး၊
ကျနော် ရေးတဲ့ အနှစ်နှစ်ဆယ်လေတဲ့
ချစ်စရာကောင်းတဲ့ အပြုံးမျိုးနဲ့
သခင်သာခင်ရဲ့ လူဖမ်းနှုန်း
အခုထိ ကြမ်းတုန်းပါလားဗျ။
အားရပါးရ ဟားတိုက်ရယ်၊
ပြီးတော့ ပြန်တည်သွားတယ်
မြန်မာပြည်သစ်ကို ဆက်ဆောက်ပါ ရဲဘော်တဲ့၊
ကျုပ်လက်ကို ကျစ်ကျစ်ပါအောင် ဆွဲကိုင်နှုတ်ဆက်
အခန်းထဲကနေ လှမ်းထွက်သွားတယ်၊
အိပ်မလို့ လှဲနေတုန်း
ခပ်ပြုံးပြုံးဝင်လာသူက ကိုဗဟိန်း
မင်္ဂလာပါ ရဲဘော်၊
ကျနော်နဲ့ အတူ ကိုဖုန်းမော်၊ ကိုအောင်ကျော်တို့လဲပါတယ်၊
တကသ ဘယ်တော့လောက် ပြန်ဆောက်ကျမလဲ
အာရှနဲ့ ပစိဖိတ်တက္ကသိုလ်၊
နိုင်ငံတကာ အဆင့်မြင့် နည်းပညာ ဗဟို
သစ်ပုပ်ပင်အိုဘေးမှာ ဆောက်ချင်တယ်ဗျာ၊
ဒါ ကျနော်တို့ရဲ့ အပြင်းပြဆုံး ဆန္ဒပါ၊
ရဲဘော်တို့ရဲ့ ဒီဇင်ဘာ အားလုံးကိုလဲ
လုံးဝ ဂုဏ်ယူပါတယ်ဗျာ၊
ကြင်နာစွာ ပွေ့ဖက်နှုတ်ဆက်
တယောပြားတလက်ကို တီးခတ်ရင်း
ကျုပ်ကို ဒို့ဗမာ သီချင်းတက်ပေးသွားတယ်။
ဘာသံတွေပါလိမ့် ဒီဘက်ကို လာနေတာ
သခင် ဖိုးလှကြီး မဟုတ်လား၊
အိပ်ပျော်ရဲ့လား ကိုရင်
ကျုပ်ဝင်ခဲ့မယ်နော်တဲ့
ဆင်မလိုက်နဲ့ သမိုင်းက လူတွေ
ကျုပ်နဲ့အတူ မနက်ဖြန်မနက် ချီကာဂိုကို ချီတက်ကြတော့မှာ
နိုင်ငံတကာ အလုပ်သမားမိတ်ဆွေအတွက်
ကိုရင်ရဲ့ နှုတ်ဆက်သ၀န်လွှာ ကျုပ်ယူသွားချင်တယ်ဗျာ။
ကျေးဇူးတင်လိုက်တာ အာဠာဝကကြီးရယ်
ရေးမယ် ကျနော်ရေးမယ်
တန်ဖိုးတံတား နက်နက်ရှိုင်းရှိုင်းကို ရေးမယ်
သမိုင်းဘီးဟာ ဘယ်တော့မှ နောက်ပြန်မလှည့်ဘူး ဆိုတာ
ရိုးပြတ်နံ့တွေ ကျုပ်အခန်းထဲ ရုတ်တရက် ရောက်လာလေသလား
သိပ်ဟုတ်တာပေါ့ဗျာ။
ခင်များအိပ်တဲ့အခန်းနွေးအောင်
ကျုပ်လက်ဆောင်အဖြစ် ကောက်လှိုင်းသစ် တထုံးယူခဲ့တယ်
အသေအချာလှည့်ကြည့်လိုက်တော့
ဆရာစံ
ဆေးတံကို ခဲရင်း
ဘုရင်ခံ ဆာဂျေအေ မောင်ကြီး
အသက်ဘယ်လောက်ကြီးကြီး
လက်သံကတော့ ပြောင်ဆဲပဲနော်။
ကျောကုန်းပေါ်က အရေစုတ်အောင်
နံပါတ်တုတ်နဲ့ အရိုက်ခံရဆုံးလူဟာ
ကျုပ်တို့ပဲ ဆက်ဖြစ်နေတာ
ဂလိုဘယ်ရွာမှာ ဘယ်လို စဉ်းစားကြမလဲ
ခင်များနဲ့ တိုင်ပင်ချင်သဗျာ၊
ပါလာတဲ့ ကောက်ညှင်းပေါင်းထုပ်ဖြေကျွေးရင်း
မိုးလင်းလုထိ ထိုင်ပြီး ဆွေးနွေးဖြစ်ကြတယ်
သား နိုးပြီလားတဲ့။
ဂရုဏာအပြည့်နဲ့ ဒီအသံ
ဟန်ဆောင်မှုကင်းတဲ့ ဒီရုပ်သွင်
ကျုပ်နှလုံးသားထဲ အမြဲရှင်သန်နေတဲ့
ဆရာကြီးမှိုင်း
ကပျာကယာထပြီး ခြေအစုံကို ကန်တော့မိ
ဒီမိုကရေစီမရှိရင် ငြိမ်းချမ်းရေး မရှိနိုင်ဘူးသား။
ပန်းတိုင်မရောက်ရောက်အောင်သွားကြ
အရိုးသားဆုံး ဆွေးနွေးကြကွာတဲ့
ဆရာမှိုင်းရဲ့ အမှာစကား
ဆရာမှိုင်း သင်္ကေတကြားမှာ အသက်ဝင် ရွေ့လျား
နှင်းဆီတပွင့်ဖြစ်သွားတယ်။
တပွင့်၊ နှစ်ပွင့်၊ သုံးပွင့်
တပွင့်ပြီး တပွင့်ဆင့်ဆင့်ပြီး
ပွင့်လာလိုက်တာ ဟောဒီ အာရုဏ်ဦးမှာ
ကျုပ်အခန်းဟာ နှင်းဆီ လွင်ပြင်ဖြစ်သွားတယ်။
ခဏအကြာမှာတော့ မျက်စိရှေ့မှာတင်ပဲ
နံရံတွေ ပြိုလဲကျ၊ သံတိုင်ညိုတွေ ကျိုးပြတ်ပျော့ခွေ
အရုပ်ဆိုးဆိုး အုတ်ရိုးမြင့်ကြီးတွေတောင်
တစစီ ကြေမွပြုတ်ထွက်
နက်နက်ခင်းနေခြည်အောက်မှာတော့
မြင်ကွင်းအားလုံး တောက်ပ ရွှန်းလဲ့
အောင်စည်ရွှမ်းသံ လွှင့်လွှင့်ပျံ
မိုးယံသိမ့်သိမ့်သာတော့တယ်။
အကန့်လေးတွေ ကဗျာ