Showing posts with label ကြာဖြူ. Show all posts
Showing posts with label ကြာဖြူ. Show all posts
အကန့်လေးတွေ ကြာဖြူ
ကြာဖြူ ဖောင်ဒေးရှင်း ရဲ့ ပထမဦးဆုံး ပညာသင်ထောက်ပံ့ကြေးဆုချီးမြင့်ခြင်းကို ကို ဇွန်လ ၄ ရက်နေ့က တောင်ကြီးမြို့နယ် ထုံးဖို အမက မူလွန်ကျောင်းနဲ့ အမှတ်(၃) မူလွန်ကျောင်း အေးသာယာ မြို့သစ် တို့မှာ ပြုလုပ်ခဲ့ပါတယ်။ ငွေကြေးပမာဏ နည်းနည်း နဲ့ စတင်လှူဒါန်းတဲ့ အလှူဖြစ်ပေမယ့် အလှူလက်ခံသူ လေးတွေနဲ့ ရိုးသားဖြူစင်တဲ့ မျက်နှာလေးတွေနဲ့ ကျေးဇူးစကားလေးတွေကို မြင်ရဖတ်ရချိန်မှာတော့ တကယ့်ကိုခံစားခဲ့ရပါတယ်။
ပထမဦးဆုံးအကြိမ်မှာ
ထုံးဖို မူလွန်ကျောင်းက ကလေးငါးယောက်အတွက် ပထမဆုံးလ ထောက်ပံ့ပစ္စည်း - ၆၂၂၀၀/-
အမှတ် (၃) အေးသာယာ မူလွန်ကျောင်းက ကလေး ငါးယောက် အတွက် ပထမဆုံးထောက်ပံ့ငွေပစ္စည်း - ၄၂၆၅၀/-
ဖြစ်ပါတယ်။ ဒီငွေပမာဏအတိုင်း ကလေး ၁၀ ယောက်ကို လစဉ် တစ်နှစ် ပတ်လုံးထောက်ပံ့မှာဖြစ်သလို၊ နောင်နှစ်အတွက် လဲ သူတို့လေးတွေကို စာကြိုးစားတဲ့ အဆင့်အတိုင်း ဆက်ပြီး ထောက်ပံ့မှာပါ။
ကြာဖြူ ဖောင်ဒေးရှင်းအနေနဲ့ သူတို့လေးတွေအတွက် စေတနာရေစီးကို မပြတ်စီး နေနိုင်အောင် အမြဲကြိုးစားပေးနေမှာပါ။ ကြာဖြူအတွက် ပါဝင်လှူဒါန်းကြတဲ့ မောင်နှမများ အားလုံးကို မိမိတို့ အလှူအတွက် ၀မ်းသာပီတိ ဖြစ်စေဖို့ ဓာတ်ပုံလေးတွေကို တင်ပေးပါမယ်။ တောင်ကြီးက အင်တာနက် ဈေးနှုန်းကြီးမြင့်မှုရယ်၊ အဲဒီကနေ အင်တာနက်ကိုတင်ပေးဖို့ အချိန်မပေးနိုင်မှုတွေကြောင့် လူကြုံနဲ့ စင်္ကာပူကို နောက်ကျရောက်ရတဲ့ ဒီသတင်း ဓာတ်ပုံလေးများအတွက် တောင်းပန်အပ်ပါတယ်။ အမှန်ကတော့ နေ့ဘက်က အက်ရှင်လေးတွေကို ညဘက်ကို ချက်ခြင်းဝေမျှချင်သူကိုး။ ကြာဖြူ ဖောင်ဒေးရှင်းကို ထောက်ပံ့အားပေးကြသော ပဒုမ္မာဖိုရမ်မှ မောင်နှမများ အားလုံးကို အခုလို လူသားဆန်တဲ့ အလှူဒါနများအတွက် ကျွန်တော်တို့ လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်ဗျာ။
ပဒုမ္မာလို့ခေါ်တဲ့ မိသားစုဖိုရမ်လေးထဲမှာ ကြာဖြူ ဆိုတဲ့ ပန်းလေးတစ်ပွင့်အတွက်
တက်တက်ကြွကြွလုပ်ကိုင် နေကြတာလေးဖြစ်ပါတယ်။
--------------------
ပဒုမ္မာလို့ခေါ်တဲ့ မိသားစုဖိုရမ်လေးထဲမှာ ကြာဖြူ ဆိုတဲ့ ပန်းလေးတစ်ပွင့်အတွက်တက်တက်ကြွကြွလုပ်ကိုင် နေကြတာလေးဖြစ်ပါတယ်။
--------------------
--------------------

သာဓုခေါ်လို့ရအောင်... ပထမဆုံးခြေလှမ်းလေးပါ။
--------------------

သူတို့လေးတွေ ပညာရေး နဲ့ အနာဂတ်အတွက် ကြာဖြူက အားအင်လေးတွေ ပေးမယ်။
--------------------
ပညာဒါနအတွက် ဂါရ၀တရား၊ ပီတိမျက်ရည် ချိုလိုက်တာ...
--------------------

သာဓုခေါ်လို့ရအောင်... ပထမဆုံးခြေလှမ်းလေးပါ။--------------------

သူတို့လေးတွေ ပညာရေး နဲ့ အနာဂတ်အတွက် ကြာဖြူက အားအင်လေးတွေ ပေးမယ်။--------------------
ပညာဒါနအတွက် ဂါရ၀တရား၊ ပီတိမျက်ရည် ချိုလိုက်တာ...--------------------
ပထမခြေလှမ်းကနေ နောက်ထပ်ခြေလှမ်းပေါင်းများစွာ ထပ်လှမ်းဦးမှာပါ။
ငါတို့ဟာ အနာဂတ်ကိုတော့ ရေးရေးလေးမြင်နေကြရပြီ။
အနာဂတ်ဆိုတာ ဘာမှန်းသိခွင့်မရရှာသေးတဲ့ ကလေးငယ်လေးတွေကို လက်တွဲကူလို့ ဖေးမကြရအောင်... ... ...
ငါတို့ဟာ အနာဂတ်ကိုတော့ ရေးရေးလေးမြင်နေကြရပြီ။
အနာဂတ်ဆိုတာ ဘာမှန်းသိခွင့်မရရှာသေးတဲ့ ကလေးငယ်လေးတွေကို လက်တွဲကူလို့ ဖေးမကြရအောင်... ... ...
အကန့်လေးတွေ ကြာဖြူ
ငါတို့ရဲ့ ရင်သွေးလေး သူလမ်းလျှောက်တော့မယ် (ကြာဖြူ)
4 ချက်ခုန်သွားတဲ့ ရင်ခုန်သံ မူပိုင် Chocolaier at 2:34 PM ဟိုတလောကတည်းကစခဲ့တဲ့ လုပ်ငန်းတစ်ခု အကောင်အထည်ပေါ်လာပြီ ဆိုတော့ ၀မ်းသာလိုက်တာ။ အမှန်တော့ သူတို့တွေ တိုင်ပင်ထားကြတာကြာပြီးမှ ချိုကို သိခဲ့တာပါ။ ဒီလောက်ထိဖြစ်လာဖို့ ဘယ်လို ကြိုးစားခဲ့ရတယ်ဆိုတာ သူတို့မှပဲ သေချာသိမှာပါ။ မလွယ်တာတော့သေချာပါတယ်။ အထူးသဖြင့် အခုလို ဟိုကဖိ ဒီကနှိပ် လုပ်နေတဲ့ အချိန်ကြီးမှာ NGO တခုလုပ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တာပါ။
အခုတော့ တော်တော်များများ ပြီးစီးသလောက်ဖြစ်နေတယ့် ချိုကိုတို့ သူငယ်ချင်းတစုရဲ့ ပရဟိတလုပ်ငန်းလေး အသက်ဝင်လာတော့မယ်လေ။ သူ့နာမည်လေးက ကြာဖြူ တဲ့။ ဖြူစင်မြင့်မြတ်ခြင်းရဲ့ သင်္ကေတ။ ဘာအရောင်မှဆိုးထားခြင်းမရှိတဲ့ စေတနာ နဲ့ ဘာကိုမှ ပြန်မမျှော်လင့်ထားတဲ့ မေတ္တာ ပေါင်းစပ်ထားတယ်လို့ ခံစားမိပါတယ်။ သေချာပါတယ် ချိုကိုတို့ တခုတော့ပြန်ရမှာပါ။ အဲဒါကတော့ ပီတိ။
မြန်မာနိုင်ငံမှာ မိဘတွေအဆင်မပြေလို့ စာမသင်နိုင်တဲ့ ကလေးဆိုတာ ပုံမှန်ဖြစ်နေကြ မီးပြတ်တာ၊ ရေကြီးတာလောက်တောင် အရေးမပါတော့သလို ဖြစ်နေခဲ့ပါပြီ။ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးနေကြတဲ့ ကလေးတွေ၊ မီးပွိုင့်မှာ ပန်းကုံးလေးတွေ၊ဂျာနယ်တွေ လာရောင်းတဲ့ကလေးတွေကို မျက်စေ့ယဉ်ပါးလာပြီး နိုင်ငံရဲ့အနာဂတ်တွေ နေလှန်းခံနေရတယ်လို့ မထင်ကြတော့ပါဘူး။
အဲဒီလိုကလေးတွေကို ကူညီနိုင်အောင် ဒီအဖွဲ့လေးကို စိတ်ကူးရခဲ့တဲ့ သူငယ်ချင်း တွေကိုလည်း လေးစားပါတယ်။ စိတ်ကူးတင်ရပ်မနေကြပဲ လက်တွေ့အထိ ယူလာနိုင်လို့ ပိုလေးစားမိပါတယ်။ ဒီအဖွဲ့လေး အဓွန့်ရှည်အောင်၊ ပိုပြီးကျယ်ပြန့် လာအောင် ကြိုးစားဖို့တော့ ကိုယ်တိုင် ပါတာဝန်ရှိလာပြီပေါ့လေ။ ဒီတာဝန်အတွက် ဘယ်လောက်ပျော်နေတယ်ဆိုတာတော့ မပြောပြနိုင်လောက်အောင်ပါပဲ။
ဖြစ်ချင်တာတွေ အများကြီးထဲက တစ်ခုတော့ဖြစ်လာတော့မှာပေါ့လေ။
ကြာဖြူလေးရဲ့ အဖွဲ့ဝင်ဖြစ်ခွင့်ရခြင်း အမှတ်တရ

Subscribe to:
Posts (Atom)