အခုတလော Myanmarteashop ဆိုတဲ့ ဖိုရမ်လေးကိုသွားဖတ်မိတယ်။ မြန်မာနိုင်ငံအကြောင်း ဆွေးနွေး ထားကြတာ လေးစားစရာ၊ အားကျစရာ အများကြီးပါပဲ။ ပြည်သူတွေဆိုတာ တိုင်း ပြည်အတွက် အကြီးမားဆုံး အင်အားတဲ့။ အပြောင်းအလဲကိုလိုချင်ရင် ပြည်သူကိုယ်တိုင် လုပ် ယူရမယ်တဲ့။ ပြည်သူထဲက ပြည်သူတယောက် ဖြစ်တဲ့ ငါက ဘာလုပ်ရမှန်းမသိ၊ ယောင်တောင် တောင်ဖြစ်နေတာကို စိတ်ကုန်လိုက်တာ။
ကြောက်စိတ်ဆိုတာကြီးရှိနေလို့...
ငါကြောက်တာတွေတော်တော်များပါလား...
ငါ့မိဘတွေ ဒုက္ခရောက်၊ စိတ်ဆင်းရဲ လူဆင်းရဲ ဖြစ်မှာကိုလည်း ကြောက်တယ်...
ငါ့မောင်နှမတွေ ပညာရေးဆုံးခန်းမတိုင်ဘဲ ဖြစ်နေမှာကိုလည်း ကြောက်တယ်...
ငါ့လိုကြောက်နေကြတဲ့သူတွေ ဘယ်လောက်များ ရှိနေပြီလဲ...
Freedom from Fear တဲ့...
မဟုတ်တာကို မဟုတ်ဘူးလို့ ပြောလိုက်ရမှာ အရမ်းကြောက်နေရတဲ့ဘ၀ကို ခင်တွယ်နေမိတာကို ငါမုန်းတယ်...
မှားနေမှန်းသိရက်နဲ့ မပြောရဲလို့ ငြိမ်ခံနေလိုက်ရတဲ့ဘ၀ကို ဖျက်ဆီးခံလိုက်ရမှာ စိုးရိမ်နေတာကို ငါမုန်းတယ်...
လိမ်တတ်တဲ့သူတွေကြီးပွား အမှန်တရားခေါင်းပါးနေတဲ့ တိုင်းပြည်ကိုပြန်ခွင့်မရှိမှာ ကြောက်နေမိတာကို ငါမုန်းတယ်...
တကယ်တော့ ငါဟာ အတွေးထဲမှာတောင် သတ္တိမကောင်းတဲ့ ပြည်သူတယောက်ဖြစ်နေပြီလား...
ငါ့လိုကြောက်နေကြတဲ့သူတွေ ဘယ်လောက်များ ရှိနေပြီလဲ...
အကန့်လေးတွေ ဒဿန
Subscribe to:
Post Comments (Atom)
မေငြိမ်း said...
စာမရေးတတ်ပေမဲ့
စာရေးချင်စိတ်ပြင်းပြင်းနဲ့ (ပျင်းပျင်းမဟုတ်)
ရိုးရိုးသားသားရေးတဲ့စာဆိုရင်..ပင်ကိုအလှ ရှိပြီးသားပါ။
မေငြိမ်း
May 31, 2007 at 3:12 PM
Chocolaier said...
ဆရာမ လာရေးလိမ့်မယ်လို့ကိုမထင်မိတာပါ။ အရမ်းပျော်သွားပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ပျင်းပျင်းကိစ္စကတော့...ဟီးဟီး
May 31, 2007 at 5:53 PM
ကလိုစေးထူး said...
ကိုကြီး ရေးနေတာတွေကို စစ်ဘက်က သူငယ်ချင်းတယောက်က ပြောဖူးတယ်။ ၁% လောက်တောင် မထိရောက်ဖူးတဲ့။ အိုကေ.. ကိုကြီးရေးတာ ၀.၅% ဆိုပါစို့။ အဲဒီလို ၀.၅%လေးတွေ အများကြီး ဖြစ်လာအောင် လုပ်နိုင်သမျှလေးကို လုပ်သွားရင်...။ ဘာပဲဖြစ်ဖြစ်ပါ အခုလို ရေးလာတာ၊ ရေးချင်စိတ်ပေါ်လာတာကိုက ကောင်းတဲ့ လက္ခဏာလို့ မြင်တယ်။
June 1, 2007 at 5:57 AM