ဟိုတလောကတည်းကစခဲ့တဲ့ လုပ်ငန်းတစ်ခု အကောင်အထည်ပေါ်လာပြီ ဆိုတော့ ၀မ်းသာလိုက်တာ။ အမှန်တော့ သူတို့တွေ တိုင်ပင်ထားကြတာကြာပြီးမှ ချိုကို သိခဲ့တာပါ။ ဒီလောက်ထိဖြစ်လာဖို့ ဘယ်လို ကြိုးစားခဲ့ရတယ်ဆိုတာ သူတို့မှပဲ သေချာသိမှာပါ။ မလွယ်တာတော့သေချာပါတယ်။ အထူးသဖြင့် အခုလို ဟိုကဖိ ဒီကနှိပ် လုပ်နေတဲ့ အချိန်ကြီးမှာ NGO တခုလုပ်နိုင်ဖို့ဆိုတာ တော်တော်မလွယ်တာပါ။

အခုတော့ တော်တော်များများ ပြီးစီးသလောက်ဖြစ်နေတယ့် ချိုကိုတို့ သူငယ်ချင်းတစုရဲ့ ပရဟိတလုပ်ငန်းလေး အသက်ဝင်လာတော့မယ်လေ။ သူ့နာမည်လေးက ကြာဖြူ တဲ့။ ဖြူစင်မြင့်မြတ်ခြင်းရဲ့ သင်္ကေတ။ ဘာအရောင်မှဆိုးထားခြင်းမရှိတဲ့ စေတနာ နဲ့ ဘာကိုမှ ပြန်မမျှော်လင့်ထားတဲ့ မေတ္တာ ပေါင်းစပ်ထားတယ်လို့ ခံစားမိပါတယ်။ သေချာပါတယ် ချိုကိုတို့ တခုတော့ပြန်ရမှာပါ။ အဲဒါကတော့ ပီတိ။

မြန်မာနိုင်ငံမှာ မိဘတွေအဆင်မပြေလို့ စာမသင်နိုင်တဲ့ ကလေးဆိုတာ ပုံမှန်ဖြစ်နေကြ မီးပြတ်တာ၊ ရေကြီးတာလောက်တောင် အရေးမပါတော့သလို ဖြစ်နေခဲ့ပါပြီ။ လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးနေကြတဲ့ ကလေးတွေ၊ မီးပွိုင့်မှာ ပန်းကုံးလေးတွေ၊ဂျာနယ်တွေ လာရောင်းတဲ့ကလေးတွေကို မျက်စေ့ယဉ်ပါးလာပြီး နိုင်ငံရဲ့အနာဂတ်တွေ နေလှန်းခံနေရတယ်လို့ မထင်ကြတော့ပါဘူး။

အဲဒီလိုကလေးတွေကို ကူညီနိုင်အောင် ဒီအဖွဲ့လေးကို စိတ်ကူးရခဲ့တဲ့ သူငယ်ချင်း တွေကိုလည်း လေးစားပါတယ်။ စိတ်ကူးတင်ရပ်မနေကြပဲ လက်တွေ့အထိ ယူလာနိုင်လို့ ပိုလေးစားမိပါတယ်။ ဒီအဖွဲ့လေး အဓွန့်ရှည်အောင်၊ ပိုပြီးကျယ်ပြန့် လာအောင် ကြိုးစားဖို့တော့ ကိုယ်တိုင် ပါတာဝန်ရှိလာပြီပေါ့လေ။ ဒီတာဝန်အတွက် ဘယ်လောက်ပျော်နေတယ်ဆိုတာတော့ မပြောပြနိုင်လောက်အောင်ပါပဲ။

ဖြစ်ချင်တာတွေ အများကြီးထဲက တစ်ခုတော့ဖြစ်လာတော့မှာပေါ့လေ။

ကြာဖြူလေးရဲ့ အဖွဲ့ဝင်ဖြစ်ခွင့်ရခြင်း အမှတ်တရ

4 ချက်ခုန်သွားတဲ့ ရင်ခုန်သံ:

ညီမလေးရေ...ဒီအဖွဲ့လေး ဖြစ်မြောက်လာတာ ညီမလေးတို့နဲ့ ထပ်တူထပ်မျှ ၀မ်းသာပါတယ်...ပြီးခဲ့တဲ့လက မကာလာဘလိုင်း ပြောပြလို့ နည်းနည်းတော့ သိထားတယ်...အောင်မြင်ပါစေလို့ အမ ဆန္ဒပြုလိုက်ပါတယ်...

May 31, 2007 at 7:14 PM  

အဲဒီအဖွဲ့လေးရဲ့ လုပ်ငန်းစဉ်လေးတွေ၊ ဥပမာ ဘယ်နေရာအတွက် ဘာတွေ လုပ်ပြီးနေပြီ။ ဘာလုပ်ဖို့ စီစဉ်နေတယ်ဆိုတာမျိုးလေးပါ ပို့စ်အနေနဲ့ ရံဖန်ရံခါ တင်ပေးစေချင်တယ်။ တောင်းဆိုတာပါ။ ဓာတ်ပုံ မှတ်တမ်းလေးတွေပါ ပါရင်တော့ အတိုင်းအထက်အလွန်ပေါ့။

June 1, 2007 at 5:51 AM  

တင်ဖို့ရည်ရွယ်ချက်ရှိပါတယ်။ အကုန်လုံးလည်း ကြည်နူးရတာပေါ့။ ပြီးတော့ အလှူခံလို့လည်းကောင်းတာပေါ့နော် :P

June 1, 2007 at 12:03 PM  

ချိုကိုရေ..အဲဒီအဖွဲ့လေးအကောင်အထည်ပေါ်လာတာဝမ်းသာ စရာပါ...ကျွန်တော်လဲ ငွေအင်အားတက်နိုင်သလောက် ပူးပေါင်းပါဝင်ပါ့မယ်...

June 4, 2007 at 9:20 PM  

Newer Post Older Post Home