ကဗျာမမည် စာမမည်

ချွန်မြနေတဲ့ ကလောင်
----။----
ဓားသွား၊ လှံသွားထက် ကလောင်သွားက ပိုထက်သတဲ့။
ထက်လိုက်တဲ့ ကလောင်တွေ
ဟိုမှာလူတွေ အူတွေပွင့်ကျနေတာ
အထွေးလိုက် အထွေးလိုက်...

3 ချက်ခုန်သွားတဲ့ ရင်ခုန်သံ:

ကလောင်သွားထက် အာဏာက ပိုထက်နေတယ်

July 27, 2007 at 3:15 AM  

ကလောင်သွား ထက်တာကတော့ အမှန်ပဲဗျို့။ သာမန်ကလောင် ခုတ်ချက်တွေကို အမောရှောင် နေရတဲ့ စာပေပညာရှင်တွေတောင် bloger လောကထဲ ရှိနေတယ်ဗျ။ မြန်မြန်နေကောင်းပြီး စာမြန်မြန် ရေးနိုင်ပါစေ။ လေးစားလျှက်။

July 31, 2007 at 8:30 AM  

မချိုကိုရဲ့ ကဗျာက အရမ်းတိုတော့ မဆုံးသေးဘူးထင်တဲ့ ပရိတ်သတ်တွေ ရှိနေတယ်။ အဲဒါနဲ့ ကျွန်တော်လည်းဆက်ရေးဖို့ ကြိုးစားကြည့်တာ။ ဖတ်ကြည့်ပါဦး။

ကလောင်ခုတ်ချက်
((မေ့))အတွက်က
ခတ်ထက်ထက်မို့
ဘယ်ခါမမေ့
၁၀ ခါပြန်မတွေ့ဖို့
ဆုံးဖြတ်ချက်ကကျခဲ့ပြီ။

နှုတ်သီးသူထိုး (နှုတ်သီးထိုးသူ)
သမီးဆိုး (S0) ကို
ရှေတန်းမှာတင်
တိုက်ပွဲဝင်လည်း
နောက်ဆုံးမေတ္တာ
ဥပေက္ခါနှင့်
ကလောင်ရှင်ချန်ထား
ထွက်ခွါသွားလို့
သမီးကျန်ရစ်ဖြစ်ခဲ့ပြီ။

lay

July 31, 2007 at 9:28 AM  

Newer Post Older Post Home