ကြာဖြူ ဖောင်ဒေးရှင်း ရဲ့ ပထမဦးဆုံး ပညာသင်ထောက်ပံ့ကြေးဆုချီးမြင့်ခြင်းကို ကို ဇွန်လ ၄ ရက်နေ့က တောင်ကြီးမြို့နယ် ထုံးဖို အမက မူလွန်ကျောင်းနဲ့ အမှတ်(၃) မူလွန်ကျောင်း အေးသာယာ မြို့သစ် တို့မှာ ပြုလုပ်ခဲ့ပါတယ်။ ငွေကြေးပမာဏ နည်းနည်း နဲ့ စတင်လှူဒါန်းတဲ့ အလှူဖြစ်ပေမယ့် အလှူလက်ခံသူ လေးတွေနဲ့ ရိုးသားဖြူစင်တဲ့ မျက်နှာလေးတွေနဲ့ ကျေးဇူးစကားလေးတွေကို မြင်ရဖတ်ရချိန်မှာတော့ တကယ့်ကိုခံစားခဲ့ရပါတယ်။

ပထမဦးဆုံးအကြိမ်မှာ

ထုံးဖို မူလွန်ကျောင်းက ကလေးငါးယောက်အတွက် ပထမဆုံးလ ထောက်ပံ့ပစ္စည်း - ၆၂၂၀၀/-
အမှတ် (၃) အေးသာယာ မူလွန်ကျောင်းက ကလေး ငါးယောက် အတွက် ပထမဆုံးထောက်ပံ့ငွေပစ္စည်း - ၄၂၆၅၀/-

ဖြစ်ပါတယ်။ ဒီငွေပမာဏအတိုင်း ကလေး ၁၀ ယောက်ကို လစဉ် တစ်နှစ် ပတ်လုံးထောက်ပံ့မှာဖြစ်သလို၊ နောင်နှစ်အတွက် လဲ သူတို့လေးတွေကို စာကြိုးစားတဲ့ အဆင့်အတိုင်း ဆက်ပြီး ထောက်ပံ့မှာပါ။

ကြာဖြူ ဖောင်ဒေးရှင်းအနေနဲ့ သူတို့လေးတွေအတွက် စေတနာရေစီးကို မပြတ်စီး နေနိုင်အောင် အမြဲကြိုးစားပေးနေမှာပါ။ ကြာဖြူအတွက် ပါဝင်လှူဒါန်းကြတဲ့ မောင်နှမများ အားလုံးကို မိမိတို့ အလှူအတွက် ၀မ်းသာပီတိ ဖြစ်စေဖို့ ဓာတ်ပုံလေးတွေကို တင်ပေးပါမယ်။ တောင်ကြီးက အင်တာနက် ဈေးနှုန်းကြီးမြင့်မှုရယ်၊ အဲဒီကနေ အင်တာနက်ကိုတင်ပေးဖို့ အချိန်မပေးနိုင်မှုတွေကြောင့် လူကြုံနဲ့ စင်္ကာပူကို နောက်ကျရောက်ရတဲ့ ဒီသတင်း ဓာတ်ပုံလေးများအတွက် တောင်းပန်အပ်ပါတယ်။ အမှန်ကတော့ နေ့ဘက်က အက်ရှင်လေးတွေကို ညဘက်ကို ချက်ခြင်းဝေမျှချင်သူကိုး။ ကြာဖြူ ဖောင်ဒေးရှင်းကို ထောက်ပံ့အားပေးကြသော ပဒုမ္မာဖိုရမ်မှ မောင်နှမများ အားလုံးကို အခုလို လူသားဆန်တဲ့ အလှူဒါနများအတွက် ကျွန်တော်တို့ လှိုက်လှဲစွာ ကျေးဇူးတင်ပါတယ်ဗျာ။
ပဒုမ္မာလို့ခေါ်တဲ့ မိသားစုဖိုရမ်လေးထဲမှာ ကြာဖြူ ဆိုတဲ့ ပန်းလေးတစ်ပွင့်အတွက်
တက်တက်ကြွကြွလုပ်ကိုင် နေကြတာလေးဖြစ်ပါတယ်။
--------------------

စည်းကမ်းလေးက ဒီလိုရှိပါတယ်။
--------------------
သာဓုခေါ်လို့ရအောင်... ပထမဆုံးခြေလှမ်းလေးပါ။
--------------------

သူတို့လေးတွေ ပညာရေး နဲ့ အနာဂတ်အတွက် ကြာဖြူက အားအင်လေးတွေ ပေးမယ်။
--------------------
ပညာဒါနအတွက် ဂါရ၀တရား၊ ပီတိမျက်ရည် ချိုလိုက်တာ...
--------------------
ပထမခြေလှမ်းကနေ နောက်ထပ်ခြေလှမ်းပေါင်းများစွာ ထပ်လှမ်းဦးမှာပါ။

ငါတို့ဟာ အနာဂတ်ကိုတော့ ရေးရေးလေးမြင်နေကြရပြီ။
အနာဂတ်ဆိုတာ ဘာမှန်းသိခွင့်မရရှာသေးတဲ့ ကလေးငယ်လေးတွေကို လက်တွဲကူလို့ ဖေးမကြရအောင်... ... ...

3 ချက်ခုန်သွားတဲ့ ရင်ခုန်သံ:

ညီမလေး...
သိချင်တာ မေးမလို့ ကျောင်းသားအများကြီးထဲက ဒီကျောင်းသား ၆ ယောက်ကိုဘယ်လိုရွေးလဲ...

June 17, 2007 at 7:50 AM  

ကြာဖြူ မှတ်တမ်းလေးအတွက် ကျေးဇူးပါ ချိုကို ...
ကျနော်လည်း ပါဝင်ခွင့်ရချင်ပါတယ် ... ဘယ်လို ဆက်သွယ်ရမလဲ ...ပြောပြပါဦးခင်ဗျာ...

June 17, 2007 at 10:56 AM  

မမ... ကျောင်းသားကအားလုံးပေါင်း၁၀ယောက်ပါ။ တစ်ကျောင်းကို ၅ယောက်ပါ။ ကျောင်းမှာအဆင့် ၁ကနေ၁၀ အတွင်းရတဲ့ ကျောင်းသားဖြစ်ရပါမယ်။ စည်းကမ်းလေးတွေ ချိုကိုတင်ပေးထားပါတယ်...
ကိုမိုးညိုနဲ့ လှူချင်တဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ကြာဖြူ ဆိုတဲ့ website လေးလုပ်နေပါတယ်။ ပြီးတော့ ဆက်သွယ်ရန်လိပ်စာတွေကို ညဖက်လောက်ကျရင် တင်ပေးပါ့မယ်။

June 17, 2007 at 1:06 PM  

Newer Post Older Post Home