မစပ်သောငရုတ်

ကိုကြီးကလိုစေးထူးရဲ့ မရယ်ရသော ပြက်လုံး… ဆိုတဲ့ပို့စ်လေးကို ဖတ်မိတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ဖေဖေပြောခဲ့ဖူးတဲ့ အဖြစ်လေးကို သွားသတိရမိတယ်။

YITက ကျောင်းပြီးကာစ သူငယ်ချင်း အင်ဂျင်နီယာပေါက်စ နှစ်ယောက်ဟာ ကျောင်းပြီးတော့ အလုပ်ရှာမရလို့ မိဘဆီက ငွေလေးနဲ့ ကုန်စုံဆိုင်လေး တစ်ခုဖွင့်ကြပါတယ်။ တနေ့မှာတော့ ဈေးဝယ်မိန်းမတစ်ယောက်ဟာ ကလေးကိုကျောင်းကြိုပြီး အပြန်ဈေးဝင်ဝယ်ပါတယ်။ ဈေးဝယ်ပြီးလို့ ပြန်အထွက်မှာတော့ ကျောင်းတက် ပျင်းပုံရတဲ့ သူ့ကလေးကို "ကျောင်းမှန်မှန်တက်နော်၊ ပညာမတတ်ရင်တွေ့လား ဒီလိုပဲ ဈေးရောင်းစားရမယ်" တဲ့။

ဒီလိုအဖြစ်လေးကိုပဲ စာရေးဆရာမ မစန္ဒာကတော့ မစပ်သောငရုတ် တဲ့။ စက်မှုလက်မှု RIT ကျောင်းဆင်း အင်ဂျင်နီယာတစ်ယောက် ငါးဒိုင်လုပ်နေတဲ့ ဇာတ်လမ်းလေးပါ။ ငရုတ်ဖြစ်ပေမယ့် တာဝန်မကျေတဲ့ ငရုတ်၊ မစပ်တဲ့ ငရုတ်လို သင်ခဲ့တဲ့ပညာနဲ့ တိုင်းပြည်အကျိုးမပြုနိုင်တဲ့ ဘ၀ကို စိတ်ညစ်ပေမယ့် ၀မ်းရေးအတွက် လုပ်ကိုင်နေရတဲ့အကြောင်းလေးပါ။

ဒီအကြောင်းတွေဟာ မြန်မာနိုင်ငံကလူတွေ တခြားနိုင်ငံကိုဘာလို့ ထွက်ပြီးအလုပ်လုပ်ကြသလဲဆိုတဲ့ မေးခွန်းကို ဖြေနေသလိုပါပဲ။ ကိုယ်နိုင်ငံမှာ တ၀မ်းတခါးလှလို့ကတော့ ဘယ်သူမှ တခြားနိုင်ငံမှာ အောက်ကျနောက်ကျခံ မနေပါဘူး။ ယဉ်ကျေးမှုရော၊ တန်ဖိုးထားတဲ့စံတွေပါ ကွာခြားလှတဲ့ နိုင်ငံမှာ ပျော်နေနိုင်ကြမယ်လို့ ထင်နေကြရင် မှားပါလိမ့်မယ်။

ပညာနဲ့ထိုက်တဲ့ အလုပ်သာရပါစေ၊ မချမ်းသာဘူးဆိုရင်တောင် ပြန်လာလုပ်ကြမယ့်သူတွေ အပုံကြီးပါ။ အခုတော့ စက်ရုံကြီးတစ်ခုမှာ စက်ရုံမှူးဆိုတာက ရှေ့တန်းမှာ နိုင်ငံတော်အတွက် ခြေလက်အဂါင်္ကိုစွန့်လှူခဲ့ရတဲ့ ပုဂ္ဂိုလ်၊ တကယ်စက်ရုံကို လည်ပတ်နိုင်အောင်လုပ်ပေးနေတဲ့ သူတွေကတော့ ပင်စင်ယူတဲ့အထိ လက်ထောက်ဘ၀က မတက်နိုင်၊ စက်ရုံမှူးတွေသာ တစ်ယောက်ပြီး တစ်ယောက်ပြောင်းသွားတယ် လက်ထောက်ကတော့ မပြောင်းနိုင်၊ သူမရှိရင် စက်ရုံကမလည်နိုင်တော့တဲ့ အထိ ကျွမ်းကျင်နေခဲ့တယ်။ ဒါပေမယ့် အဲဒီလူခမျာ ဘယ်တော့မှ စက်ရုံမှူးဆိုတာ ဖြစ်လာမှာမဟုတ်သလို သူကိုယ်တိုင်ကိုက မမျှော်လင့်တော့ပါတဲ့။ ကဲ ဒီနိုင်ငံကြီးထဲ ဘယ်ပညာတတ်က လုပ်ချင်ပါတော့မလဲ။

ငရုတ်ဖြစ်မှတော့ စပ်ချင်ကြတာ သဘာဝပါ။ တချိန်ချိန်မှာတော့ ချိုကိုလည်း တိုင်းပြည်အတွက် ငရုတ်စပ်စပ်လေး တစ်တောင့်ဖြစ်ခွင့်ရချင်ပါသေးတယ်။ အခုများတော့…

6 ချက်ခုန်သွားတဲ့ ရင်ခုန်သံ:

ညီမလေးရေ...မမလည်း အဲဒီအကြောင်းရေးဖို့ရှိတယ်... မြန်မာနိုင်ငံက တချို့သော အစိုးရ၀န်ထမ်း အင်ဂျင်နီယာတွေ အကြောင်းပေါ့...

June 24, 2007 at 2:50 AM  

လူငယ်တွေမှာ အဲလို အသိအမြင်တွေရှိတာ
အနာဂတ်အတွက် အားရှိလိုက်တာ။

June 24, 2007 at 10:27 PM  

အတွေး တော်တော်ကောင်းတယ်။ နောက်ဆို သိပ်မပျင်းနဲ့။ တပတ်မှ တပုဒ်လောက်ပဲ တင်နေတယ်။ ဒါပေမယ့် ဒီပို့စ်ရဲ့ အတွေးကိုတော့ တော်တော်လေး သဘောကျတယ်။

June 25, 2007 at 9:39 AM  

တော်တော်ဖတ်လို့ကောင်းတဲ့ အကြောင်းအရာနဲ့ အရေးအသားလေးပါ။

July 18, 2007 at 12:05 AM  

we need to drain more brain.. :D

November 8, 2008 at 11:20 PM  

Amazing amount of great, actionable advice. I will keep coming back to this Post...

July 26, 2018 at 2:02 PM  

Newer Post Older Post Home